ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်    ဧပြီ   ၃၀


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/  ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ကံသာယာ သာသနာပြု(ဗဟို)ကျောင်းတိုက်သို့ လည်းကောင်း၊  မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်မြို့နယ်ရှိ သရက်ခြံကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် ရေးမြို့နယ်ရှိ မရမ်းကျောင်းတိုက်သို့  လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ယပ်လှဲစာသင်တိုက်သို့  လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ လယ်တီကျောင်း တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း ဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ    တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။                                                  

သတင်းစဉ်