
နေပြည်တော် ဧပြီ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ ဆေးဝင်္ကဘာကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်ရှိ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝင်းနိမ္မိတာရုံ စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ရပ်တော်မူကျောင်းတိုက်နှင့် ဟိုပန်မြို့နယ်ရှိ သာသနာ့ရောင်ခြည် (မြို့မ) ကျောင်းတိုက်တို့သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးဒေးဒရဲမြို့နယ်ရှိ စမ်းမေတ္တာကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်