ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်


 

 

နေပြည်တော်   မတ်      ၂၁
ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊  အမှုထမ်းမိသားစုများက    မြို့နယ် အသီးသီးရှိ      ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ    ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ      ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ  ပျဉ်းမနားမြို့နယ်ရှိ မြို့မဈေးကုန်းကျောင်းတိုက်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံစာသင်တိုက်တို့သို့လည်းကောင်း၊ ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နယ်ရှိ  မြို့မပရဟိတ ကျောင်းတိုက်သို့လည်းကောင်း၊    ရန်ကုန်တိုင်း ဒေသကြီး    မရမ်းကုန်းမြို့နယ်ရှိ    သာသနာ့ပါလ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊    ရှမ်း ပြည်နယ် လားရှိုးမြို့နယ်ရှိ မြို့မပရိယတ္တိစာသင် တိုက်သို့လည်းကောင်း    ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက       သွားရောက်ဆက်ကပ်   လှူဒါန်းခဲ့ကြကြောင်း သိရသည်။      သတင်းစဉ်