ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၅


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အောင်စည်သာကျောင်းတိုက်သို့ လည်း ကောင်း၊ ကရင်ပြည်နယ်  ဘားအံမြို့နယ်ရှိ   နိဗ္ဗိန္ဒကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ    မြို့မယဉ်ငေးကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး   ပဲခူး မြို့နယ်ရှိ သီရိမင်္ဂလာကြခတ်ဝိုင်းကျောင်းတိုက်သို့   လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ အောင်သုခပရိယတ္တိစာသင် တိုက်သို့လည်းကောင်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ရှိ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။    

သတင်းစဉ်