ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော်   ဇန်နဝါရီ   ၂၆

ကိုဗစ်-၁၉  ရောဂါ  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊   တပ်ဖွဲ့ဝင်/ဝန်ထမ်း   အရာထမ်း၊   အမှုထမ်း မိသားစုများက    မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်းခြင်းကို  ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ     ပုဗ္ဗသီရိမြို့နယ်ရှိ    မြို့မကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ လှည်းဘီး  ပရိယတ္တိစာသင် တိုက်သို့လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး   သာယာဝတီမြို့နယ်ရှိ ကျိုက်ထိုဇောတိကာရုံ   ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး    ချမ်းမြသာစည်မြို့နယ်ရှိ    မြတ်ရတနာ ကျောင်းတိုက်သို့လည်းကောင်း ၊ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်ရှိ  သစ္စာမဏ္ဍိုင်ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊  သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။                      

 

သတင်းစဉ်