
နေပြည်တော် ဧပြီ ၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ လျောင်းတော်မူကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်ရှိ မကုဋာ ရာမကျောင်းတိုက်သို့ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဃောသိတာ ရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက် သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရွှေကျောင်းရိပ်သာ ကျောင်းတိုက် သို့ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်ရှိ နေနတ်သား စာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြကျောင်း ပရိယတ္တိစာသင် တိုက်သို့လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်