ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်   မတ်       ၂၃


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊ အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ   ဆက်ကပ်လှူဒါန်းခြင်းကို   ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ မဟာတိလောကာ ရာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဇေယျဝတီ စာသင်တိုက်သို့ လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး   ဖြူးမြို့နယ်ရှိ သီရိမင်္ဂလာ ရွှေကျင်တောင် ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်  သထုံမြို့နယ်ရှိ  ဆုတောင်းပြည့်မြစေတီကျောင်းတိုက် သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်သို့လည်းကောင်း  ဆရာတော်၊ သံဃာ တော်များအတွက်     ဆွမ်းဆန်တော်များကို    တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။  

သတင်းစဉ်