ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်   မတ်     ၂၀
ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/  ဝန်ထမ်း    အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ        ဘုန်းတော်ကြီး ကျောင်းများသို့  ဆွမ်းဆန်တော် များ    ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ         လယ်ဝေးမြို့နယ်ရှိ ရတနာပုံပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊       စစ်ကိုင်းတိုင်း ဒေသကြီး       ကလေးမြို့နယ်ရှိ မဟာသန္တာရုံ      ကျောင်းတိုက်သို့ လည်းကောင်း၊  တနင်္သာရီတိုင်း ဒေသကြီး        ကျွန်းစုမြို့နယ်ရှိ ဆင်မယဉ်သာ   ကျောင်းတိုက်သို့ လည်းကောင်း၊  မကွေးတိုင်းဒေသ ကြီး  ပခုက္ကူမြို့နယ်ရှိ   မဟာဝိ သုတာရာမစာသင်တိုက်သို့ လည်း ကောင်း၊  မန္တလေးတိုင်းဒသကြီးအောင်မြေသာစံမြို့နယ်ရှိ ဝိဘဇ္ဇဝါဒီစာသင်တိုက်သို့လည်းကောင်း၊  ရှမ်းပြည်နယ်  တောင်ကြီးမြို့နယ် ရှိ   အောင်မြေဘုံစံစာသင်တိုက် သို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး   မြောင်းမြမြို့နယ်ရှိ ပညာဇေယျုံ         ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွား ရောက်ဆက်ကပ်   လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။    သတင်းစဉ်