
နေပြည်တော် မတ် ၁၈
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ သဒ္ဓမ္မရံသီအုန်းတော (တောင်)ကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်ရှိ ဇောတိကရာမကျောင်း တိုက်သို့ လည်းကောင်း၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါ်ဣစ္ဆာသယ ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ မင်းကျောင်းပရိယတ္တိ စာသင် တိုက်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက် တို့သို့ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မောင်းထောင်းကျောင်း ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး / ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်