
နေပြည်တော် မေ ၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရှိ ရွာသစ်ကြီးကျောင်းတိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ပြည်နယ် ကမ္မဋ္ဌာန်းကျောင်း တိုက်သို့လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ်ရှိ မင်္ဂလာရာမဘုန်းတော် ကြီးသင် ပညာရေးကျောင်းသို့ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏရာမ ဘုရားကြီးတိုက်သို့ လည်းကောင်း ၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အင်းဝကျောင်းတိုက်သို့ လည်း ကောင်း၊ ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်ရှိ မြို့မဘုရားကြီးကျောင်း တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း ဆန်တော်များကို တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်