
နေပြည်တော် မေ ၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ တောင်တန်း သာသနာ ပြု (ဗဟို) ကျောင်းတိုက် သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ်ရှိ ချမ်းသာကြီး ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်ရှိ ဥတ္တမာရုံ စာသင်တိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်ရှိ ရတနာရာမ ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီ စာသင်တိုက်သို့လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်သို့လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်