ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်    မေ   ၁


ပြည်ထဲရေးဝန်ကြီးဌာန    တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှု ထမ်း    မိသားစုများက   မြို့နယ် အသီးသီးရှိ      ဘုန်းတော်ကြီး ကျောင်းများသို့  ဆွမ်းဆန်တော် များ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ    ဒက္ခိဏသီရိမြို့နယ်ရှိ  ထန်းတပင်တောရ ကျောင်းတိုက် သို့လည်းကောင်း၊ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်သို့   လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ       ကုမာရာရာမ ကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်း           ဒေသကြီး ထားဝယ်မြို့နယ်ရှိ  မြို့မယဉ်ငေး သာသနာ့ရိပ်သာ  ကျောင်းတိုက်သို့ လည်းကောင်း၊       ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ     ရွှေကျောင်း ကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်ရှိ ထန်းတောကျောင်းတိုက် သို့လည်းကောင်း     ဆရာတော်၊ သံဃာတော်များအတွက်   ဆွမ်း ဆန်တော်များကို   တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်