
နေပြည်တော် မတ် ၂
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ မဟာဇနက ကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ တိုက်သစ် ပရိယတ္တိစာသင်တိုက် သို့လည်းကောင်း ၊ စစ်ကိုင်း တိုင်းဒေသကြီး ဝက်လက်မြို့နယ် ရှိ ကြို့ပင်ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နယ်ရှိ သိမ်တော် လှကျောင်းတိုက်သို့ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာရုံ ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျောင်းသစ်ကျောင်း စာသင် တိုက်သို့လည်းကောင်း၊ ရခိုင်ပြည် နယ် မြောက်ဦးမြို့နယ်ရှိ သာသနာ့ လင်္ကာရ စာသင်တိုက်သို့လည်း ကောင်း ဆရာတော် သံဃာတော် များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွား ရောက် ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းစဉ်