ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်လှူဒါန်း

 

 နေပြည်တော်   ဖေဖော်ဝါရီ   ၄


ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊ အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ   ဇေယျာသီရိမြို့နယ်ရှိ  ရတနာစံပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ရှိ ကျိုက်ထို ဇောတိကာရုံပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အေးစေတီကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်