ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

 

နေပြည်တော်    မေ     ၃
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်    ရဲအရာရှိ လေ့ကျင့်ရေးကျောင်း    စစ်ရေး ပြကွင်း၌ကျင်းပရာ  ပြည်ထဲရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး      နီလင်းအောင် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်သည် ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြု ခြင်းကိုခံယူကာ  သင်တန်းဆင်း တပ်ခွဲကိုစစ်ဆေးပြီး ဒုတိယရဲအုပ် လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်     ချီတက် အလေးပြုကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ   ဒုတိယရဲအုပ် လောင်း ဇက်နင်ဆိန်း၊ လေ့ကျင့် ရေးထူးချွန်ဆုရ  ဒုတိယရဲအုပ် လောင်း   ဖြိုးဇော်ထက်၊    ဥပဒေ ဘာသာရပ်ထူးချွန်ဆုရ   ဒုတိယ ရဲအုပ်လောင်း နီလာဗိုလ်၊ ကွန်ပျူ တာ    ဘာသာရပ်  ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း လပြည့်ဝင်း၊ အင်္ဂလိပ်စာထူးချွန်ဆုရ   ဒုတိယ ရဲအုပ်လောင်း ဇက်နင်ဆိန်း တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်   ဒုတိယဝန်ကြီး မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ရဲချုပ်က  သင်တန်းဆင်း     အမှာစကား ပြောကြားရာတွင် သင်တန်းဆင်း ဒုတိယ ရဲအုပ်လောင်းများအနေ ဖြင့် တပ်ဖွဲ့အသီးသီး၌ ခေါင်းဆောင် ငယ်များအဖြစ်    စတင်တာဝန် ထမ်းဆောင်ကြရမည့်သူများ ဖြစ် သည့်အတွက်     ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်နှင့်အညီ နေထိုင် ကျင့်ကြံပြီး ဥပဒေနှင့် ညီညွတ် သောအမိန့်၊ မျှတသောဆုံးဖြတ် ချက်များနှင့်      အဂတိတရား ကင်းရှင်းစွာဖြင့် မိမိလက်အောက် ကို ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်ပြီး ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုး   တိုးတက်စေရေးအတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ကို  အလေးထား အောင်မြင်အောင်    အကောင် အထည်ဖော် ဆောင်ရွက်သွားကြ ရန် လိုအပ်ကြောင်း။ 
ရဲတပ်ဖွဲ့ဝင်များသည်   ပြည် တွင်းလုံခြုံရေးကို    နောင်တော် တပ်မတော်နှင့်အတူ ဆောင်ရွက် နေကြရသည်  ဖြစ်သည့်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ   အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သလို နိုင်ငံ  နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်  အသက်နှင့်ခန္ဓာကိုယ်  စွန့်လွတ် စွန့်စားရဲသည့်    ရဲစွမ်းသတ္တိများ နှင့်   ပြည့်စုံနေစေရန်   မှာကြား လိုကြောင်း၊    ရပ်ရွာအေးချမ်း သာယာရေးအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်  ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် မူဝါဒ၊ လုပ်ထုံး       လုပ်နည်းများနှင့် အညီ  ဆောင်ရွက်ကြရမည့်အပြင်  ပြည်သူများ စိတ်အေးချမ်းသာယာ စွာဖြင့် အသက်မွေးဝမ်းကျောင်းမှု ကို ကောင်းမွန်စွာ လုပ်ကိုင်နေထိုင်  နိုင်ရန်အတွက်    မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်(၆)ရပ် ကို မိမိတာဝန်ယူရသည့် နယ်မြေ အတွင်း ဒေသနှင့်  ကိုက်ညီသည့် နည်းလမ်းများ   ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ  အန္တရာယ်ကို အမျိုးသားရေးတာဝန်  တစ်ရပ်အနေဖြင့်       တပ်မတော်၊ မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး    ပူးပေါင်း လက်တွဲ၍           မူးယစ်ဆေးဝါး  ပပျောက်သည်အထိ    တားဆီး ကာကွယ်ရေး၊   စုံစမ်းဖော်ထုတ် အရေးယူရေး     လုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ  အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့်  လူမှုရေး လုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊   သဘာဝဘေး အန္တရာယ်  ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း  များကိုလည်း တက်တက်ကြွကြွ ပါဝင်  ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ    စွမ်းရည် ပြည့်ဝ     ထက်မြက်နေစေရန် အတွက်   “လေ့လာ၊  လေ့ကျင့်၊ လိုက်နာ”  ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ ပြောင်းလဲတိုးတက် လာသည့်        ရဲလုပ်ငန်းစနစ် များ၊     စစ်နည်းဗျူဟာများနှင့်    စစ်အတတ်ပညာများကို စဉ်ဆက် မပြတ်  လေ့လာနေရန်  လိုအပ်  ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ ရောက်ရှိ တာဝန်      ထမ်းဆောင်ကြရမည့်  လက်တွေ့နယ်ပယ်မှာ လေ့ကျင့် သင်ကြား  ပျိုးထောင်ပေးလိုက် သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့ဘဝနှင့်    ပေါင်းစပ် အကောင်အထည်ဖော်   ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့်     အစဉ်အလာ ကောင်း (၁၂)ရပ်တွင်   ပါရှိသည့်  “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်        တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက် နှင့်အညီ   တပ်မတော်နှင့်အတူ လက်တွဲ၍   လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်း အောင်  ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။
သင်တန်းဆင်းပွဲသို့      နိုင်ငံ့  ဝန်ထမ်းတက္ကသိုလ်    (အထက် မြန်မာပြည်)     ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲထောက်ချုပ် ရဲမှူး ချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်  ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ    ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၆) ရဲသီဟ  တပ်ခွဲတွင်          တပ်တွင်းဘွဲ့ရ အမျိုးသား  ၂၃၂ ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ   အမျိုး သား နှစ်ဦး၊ တပ်တွင်းဘွဲ့ရအမျိုး သမီး ၁၁၀၊ အထူးစုံစမ်းစစ်ဆေး ရေး    ဦးစီးဌာနမှ   အမျိုးသမီး  တစ်ဦး  စုစုပေါင်း  ၃၄၅ ဦးတို့ကို သင်တန်း    ဆင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်