ပြည်သူတို့ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် ရုပ်ရှင်ရုံများဖွင့်လှစ်မှုအပေါ် ဝမ်းသာပီတိစကားသံများ

 

တွေ့ဆုံမေးမြန်း -  သင်းပျံ့၊ မွှေးမွှေး
 

 

မြန်မာ့ရုပ်ရှင်ကို    ချစ်မြတ်နိုးကြသည့် ပြည်သူများအနေဖြင့်  ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်ကာလတွင် ရုပ်ရှင်ရုံများ ကို   ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး အတွက်  ပိတ်ထားခဲ့ရခြင်းကြောင့်  ရုပ်ရှင် နှင့်ဝေးခဲ့ရသည်။  ယခုအခါ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု    ကျဆင်းခဲ့ပြီဖြစ်သော ကြောင့် ပြည်သူတို့၏ မွန်းကျပ်နေသော စိတ်များ  ပြေလျှော့နိုင်စေရန်    နိုင်ငံ တစ်ဝန်းတွင်ရှိသော   ရုပ်ရှင်ရုံများအနက် ပြသရန်အသင့်ဖြစ်နေသော      ရုပ်ရှင်ရုံ ပေါင်း  ၄၈  ရုံအား  ပြန်လည်ဖွင့်လှစ်ပြသ ခွင့်ပြုခဲ့သည်။   ရန်ကုန်မြို့တွင်   သမ္မတ အဆင့်မြင့်    ရုပ်ရှင်ရုံအပါအဝင်    ရုပ်ရှင်ရုံ‌ ပေါင်း  ၁၉ ရုံ၌   ဒါရိုက်တာ   ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားသည့် “ဝေးမနေ ချင်ဘူး”     ဇာတ်ကားကို  တစ်ပြိုင်တည်း စတင်ပြသခဲ့ရာ        ရုပ်ရှင်ချစ်ပြည်သူ များ  လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး   ထိုသို့ရုပ်ရှင်ရုံများ      ပြန်လည်ဖွင့်လှစ် ပြသနိုင်မှုအပေါ်   ဝမ်းသာပီတိ  စကားသံ များအား  ဖော်ပြလိုက်ပါသည်။
ဦးလှသိန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်
ဒီနေ့စပြမယ့်     ဇာတ်ကားကတော့ “ဝေးမနေချင်ဘူး” ဇာတ်ကားဖြစ်ပါတယ်။ အဲဒီကားပြီးရင်  သောကြာနေ့ရောက်ရင် နောက်တစ်ကား “လိပ်ပြာထောင်ချောက်” ပြပါမယ်။    တစ်ပတ်ကို    တစ်ကားနှုန်း နဲ့ပြမှာပါ။ အဲဒီလို ဇာတ်ကားတွေပြသ ရာမှာ   ထုတ်လုပ်သူနဲ့    ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေတဲ့ကားကို ရက်ချိတ် ပြီး  ပြရတာပါ။   မြန်မာနိုင်ငံ   ရုပ်ရှင် အစည်းအရုံးရဲ့    သဘောတစ်ခုတည်း မဟုတ်ဘဲ ရုံရှင်၊ ကားရှင်တွေနဲ့ သုံးဦးသုံး ဖလှယ် ညှိနှိုင်းပြီးပြရတာပါ။  ဒီနေ့စဖွင့် တာဆိုတော့   ပရိသတ်ကို    ခန့်မှန်းလို့  မရသေး ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ တစ်ပတ်ကို တစ်ကားနှုန်းနဲ့ပြမှာပါ။ ရုပ်ရှင်တွေပြပြီး      ပုံမှန်ခါတိုင်းလို    လည်ပတ်နိုင်ပြီဆိုရင်   ရိုက်ကူးရေးတွေ လည်း  ပြန်စနိုင်ပါပြီ။ အဓိက ပြသရေးရဲ့  အနေအထားကို  ကြည့်ရမှာပေါ့။   ပြသ ရေးကောင်းမယ်ဆိုရင်     ရိုက်ကူးရေး လုပ်ငန်း   စနိုင်တဲ့အတွက်  ရုပ်ရှင်လောက သားတွေလည်း    အလုပ်တွေပြန်ရပါပြီ။  ရန်ကုန်တိုင်းဒေသကြီးမှာ ရုပ်ရှင်ရုံ ၁၉  ရုံဖွင့်ပြီးတော့     တစ်ပြည်လုံးမှာဆိုရင်  ရုံ ၅၀ ကျော်  ပြသဖို့ရှိပါတယ်။  တချို့ ရုပ်ရှင်ရုံတွေက        စက်ပိုင်းဆိုင်ရာ၊ ရုံပိုင်းဆိုင်ရာတွေ     ပြုပြင်နေတာတွေ ရှိတယ်။   ကျွန်တော်တို့ရုပ်ရှင်တွေကို အရင်လိုပဲပြန်ပြီး အားပေးကြပါ။ လုပ်ငန်း တွေလည်း   ပုံမှန်ပြန်ပြီး  လည်ပတ်အောင်    ဖြစ်နိုင်သမျှကြိုးစားနေပါတယ်။    တချို့ ပိတ်ကားအပိုရှိတဲ့     ရုပ်ရှင်ရုံတွေဆိုရင်     နိုင်ငံခြားကားတွေလည်း ပြသဖို့ရှိပါတယ်။
ဦးသိန်းနိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန
တစ်နိုင်ငံလုံးကို   ရုပ်ရှင်ရုံ    ၆၀    ခန့် ဖွင့်မယ်လို့    မှန်းထားပါတယ်။  တချို့ရုံ တွေက   ပြုပြင်စရာတွေရှိတဲ့အတွက် တစ်နိုင်ငံလုံးမှာဆိုရင် ဒီနေ့ ၄၈ ရုံကစပြီး ပြသပါတယ်။     နောက်ရက်တွေမှာ ရုံတွေထပ်တိုးပြီး ပြနိုင်မှာပါ။ ရန်ကုန်မှာ ၁၉ ရုံပြသဖို့ရှိပါတယ်။    နောက်ပိုင်းစီးတီး မောတွေဖွင့်ရင်      ထပ်တိုးပြသမှာပါ။ တစ်ပြည်လုံးကို   ဒီနေ့စဖွင့်ပြီး    ရုပ်ရှင် လုပ်ငန်း ပြန်လည်နိုးထဖို့အတွက် မြန်မာ ဇာတ်ကားခြောက်ကားကို စပြသွားမှာပါ။ ဒီနေ့ပြမယ့်ဇာတ်ကားက “ဝေးမနေချင် ဘူး”၊  ဒါရိုက်တာက   ညွန့်မြန်မာညီညီ အောင်ပါ။   ဒီဇာတ်ကားနဲ့    စပြီးပြသပါ တယ်။   ကျန်းမာရေးအရ  ကြိုပြီးစစ်ဆေး ထားတာရှိတယ်။   ကိုဗစ်-၁၉   စည်းကမ်း နဲ့အညီ၊ သတ်မှတ်ချက်နဲ့အညီ ထိုင်ခုံ  နှစ် ခုံခြားပြဖို့    အစီအစဉ်   လုပ်ထားပါတယ်။ တချို့ရုံမှာ   လာကြည့်ချင်တဲ့သူတွေ   လာ မေးနေကြတာ      ရှိတယ်လို့သိရတယ်။ အားလုံးအတွက်  ရုပ်ရှင်နဲ့ပတ်သက်ပြီး ကြိုဆိုပါတယ်။     နိုင်ငံခြားကားအနေနဲ့ ခွင့်ပြုထားတဲ့ကားဆိုရင်      ထိုင်းကားနှစ် ကား၊     အိန္ဒိယဇာတ်ကား    နှစ်ကားရှိပါ တယ်။  နှစ်ကားလုံး Action  ဇာတ်ကား အသစ်တွေပါ။     တချို့ရုံတွေမှာလည်း နှစ်ဆန်းတစ်ရက်နေ့အမီ       နိုင်ငံခြား ဇာတ်ကားကြိုက်တဲ့ ပရိသတ်တွေကြည့် နိုင်အောင် ပြဖို့စီစဉ်ထားပါတယ်။ တစ်နေ့ ကို လေးပွဲနှုန်းနဲ့ ပြသွားမှာပါ။
ဦးကြည်စိုးထွန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ
ပျော်တာပေါ့ဗျာ၊    ကျွန်တော်တို့က ရုပ်ရှင်နဲ့တစ်သက်လုံး      နေလာတာဆို တော့    ရုပ်ရှင်ကြည့်ရတာလည်း   ပျော် တယ်၊ ရုပ်ရှင်ရိုက်ရတာလည်း ပျော်တယ်။ အခုလိုရုပ်ရှင်ရုံတွေဖွင့်တယ်၊     ပရိသတ် တွေ  လာကြည့်ကြတယ်ဆိုရင် ကျွန်တော် တို့လောကသားတွေလည်း    ပျော်ကြတာ ပေါ့။   ကျွန်တော်လည်း   ပျော်တာပေါ့။ နောင်အလားအလာလည်း ကောင်းမှာပါ။ ပြည်သူတွေက    စိတ်ဖိစီးနေကြတာ တော်တော်ကြာပြီလေ၊     စိတ်ပျော်ရွှင် အောင်  ရုပ်ရှင်ရုံတွေဖွင့်တာကို ကျွန်တော် တို့က ကြိုဆိုပါတယ်၊  ဝမ်းလည်းဝမ်းသာ တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကြီး သာယာဝပြောနေရင် ကျေနပ်နေတာ အမှန် ပါပဲ။ ရုပ်ရှင်ဝါသနာပါတဲ့သူတိုင်း လာကြည့် ကြမှာပါ။ ပရိသတ်ကလည်း  အရေးကြီးပါ တယ်။    ရုပ်ရှင်လောကသားတွေအတွက် ပရိသတ်ဟာ ကျေးဇူးရှင်တွေပါ။
ဦးစောလွင်
မင်္ဂလာကုမ္ပဏီ၏    ဖြန့်ချိ/ကြော်ငြာ မန်နေဂျာ
ကိုဗစ်ကာလကစပြီး ရုပ်ရှင်မပြတာ နှစ်နှစ်ခန့်ရှိပါပြီ။  ရုပ်ရှင်ရုံကို   ပြန်ပြီး စိတ်ဝင်စားလာစေချင်တဲ့     စေတနာပါ။ ရုပ်ရှင်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက် လာတဲ့   အနေအထားဖြစ်အောင်  ရုပ်ရှင်ရုံ တွေကို  ပြန်လည်ဖွင့်လှစ်တာပါ။  ရုပ်ရှင် လောကတစ်ခုလုံး       ရပ်ဆိုင်းနေရတဲ့ အတွက်  ပြန်ပြီးတော့   အားပေးစေချင်ပါ တယ်။   ရုပ်ရှင်ချစ်တဲ့ပရိသတ်ကို    နှလုံး စိတ်ဝမ်းအေးချမ်းအောင်     ရသမျိုးစုံ ပါဝင်တဲ့  ဇာတ်ကားများနဲ့  ဖျော်ဖြေချင်ပါ တယ်။ အဲဒီအတွက် ရုပ်ရှင်ရုံတွေပြန်လည် ဖွင့်ဖို့  ကြိုးစားခဲ့ကြတာပါ။  အဲဒါအပြင် ရုပ်ရှင်လောကသားတွေ   စားဝတ်နေရေး အခက်အခဲတွေ  ဖြေရှင်းနိုင်ဖို့  ဖွင့်လှစ်တာ လည်းဖြစ်ပါတယ်။၊ ကျွန်တော်တို့  မင်္ဂလာ အုပ်စုအနေနဲ့  တစ်နိုင်ငံလုံးမှာ  ရုပ်ရှင်ရုံ ၇၀ ခန့် ရှိပါတယ်။  ဒါပေမယ့် အားလုံး မဖွင့်နိုင်သေးဘူး။    ၂၅   ရုံလောက်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒီနေ့မှာ ၁၅  ရုံဖွင့် ထားပါတယ်။ မြန်မာဇာတ်ကား၊ နိုင်ငံခြား ဇာတ်ကားတွေပြသသွားမှာပါ။     ရုပ်ရှင်ရုံ တွေပြန်ပြီး ဖွံ့ဖြိုးတိုးတက်အောင်  ရုပ်ရှင် လောကတစ်ခုလုံး    ပြန်ပြီးအသက်ဝင် လာအောင်   ကျွန်တော်တို့   ကြိုးစားနေ ကြပါတယ်။  အဲဒီအတွက်လည်း အားပေး ကြပါဦးလို့  ရုပ်ရှင်ချစ်တဲ့  မြန်မာပရိသတ် အပေါင်းကို  ဖိတ်ခေါ်ပါတယ်။   ရိုက်ပြီး သား ရုပ်ရှင်ဇာတ်ကား ၂၅၀ ခန့်ကို ပြသဖို့ အသင့်ရှိနေပါပြီ။   အဲဒီထဲက  ကောင်းနိုး ရာရာကိုရွေးချယ်ပြီး တင်ဆက်ပေးသွားပါ့ မယ်။ ပရိသတ်စိတ်ဝင်စားနိုင်တဲ့   ကား မျိုးလေးတွေပေါ့။  ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက်တဲ့     ပွဲလေးဖြစ်ပါ တယ်။        ဒီနေ့ရုပ်ရှင်ရုံတွေဖွင့်ရာမှာ ကျွန်တော်တို့   မင်္ဂလာအုပ်စုတစ်ခုတည်း မဟုတ်ဘဲ  ဂျန်းရှင်း၊   မီဂါ၊   ပါရာဒီဆို၊ ရက်ရေးဒီးယန့်နဲ့    ဂလက်စီရုပ်ရှင်အုပ်စု တွေအပြင်   တချို့ရုံပိုင်ရှင်တွေရဲ့   ရုံတွေ လည်း တစ်ပြိုင်တည်း  ဖွင့်လှစ်ပြသသွား မှာပါ။   နိုင်ငံတစ်ဝန်းက   ရုပ်ရှင်ချစ် မြန်မာပြည်သူအပေါင်း     နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။