
ဖနောင်ပင် မေ ၂၃
ကမ္ဘောဒီးယားနိုင်ငံသည် မိမိနိုင်ငံတွင် Monkeypox ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိသေးသော်လည်း ကမ္ဘာ့နေရာအချို့တွင် ယင်းရောဂါ ဖြစ်ပွားနေသည့်အတွက် ပြည်သူ များ သတိရှိကြရန် မေ ၂၃ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
Monkeypox ရောဂါသည် ကမ္ဘာပေါ် တွင် ပြည်သူများ၏ ကျန်းမာရေးနှင့် ဆိုင်သော နောက်ထပ်ပေါ်လာသည့် ရောဂါ တစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် အဆိုပါရောဂါ ကူးစက်ခံရသူ မတွေ့ရှိသေး သော်လည်း မိမိတို့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗင် ဒင်းက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ကျန်းမာရေးဝန်ကြီးဌာန အတွင်းရေး မှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဗင်ဒင်းက ယင်းကူးစက်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသော ခရီးသည် အားလုံးကို နိုင်ငံတွင်း ဝင်ရောက်ရာ စစ်ဆေး ရေးဂိတ်များတွင် စစ်ဆေးမှုများ လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ထို့ပြင် မည်သည့်ခရီးသည် တွင်မဆို ယားယံသောအဖုများနှင့် ဖျားနာ ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကျန်းမာရေး အာဏာပိုင်များထံ သတင်းပေးပို့ရမည်ဖြစ် ကြောင်း အကြံပေးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းရှိ ဆေးရုံများ နှင့် ကျန်းမာရေးဌာနအားလုံး အခြေအနေကို စောင့်ကြည့်ရန်နှင့် Monkeypox ရောဂါ သံသယရှိသူများ တွေ့ရှိပါက ချက်ချင်းသတင်းပို့ ရန်လည်း ဗင်ဒင်းက ညွှန်ကြားခဲ့သည်။ အဆိုပါ ကူးစက်ရောဂါသည် လူမှလူသို့ကူးစက် တတ်ပြီး ရောဂါလက္ခဏာရှိသော လူနာများ နှင့် အနီးကပ်ထိတွေ့မှုရှိသူများအကြား ကူးစက် မှုဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။ ဆင်ဟွာ