ပြည်သူများကို အွန်လိုင်းဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်

 

နေပြည်တော်    စက်တင်ဘာ   ၁၅


 e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂   နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့  e- Gover- nment  အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊  ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊    ပို့ဆောင်ရေးနှင့်        ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က အမှာစကားပြောကြားရာ၌ e-Government  ဝန်ဆောင်မှုဆိုသည်မှာ ပြီးဆုံးသွားခြင်း မရှိသည့်    လုပ်ငန်းစဉ်ဖြစ်သည့်အတွက်    စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်သည့်  ဝန်ဆောင်မှုများကို  ပေးသွား နိုင်ရန်     ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ    အမှန်တကယ်   လိုအပ်နေသည့် ဝန်ဆောင်မှုများကိုလည်း    အွန်လိုင်းဝန်ဆောင်မှု အဖြစ် ပေးသွားနိုင်ရန် ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် New Normal နေထိုင်မှုအသစ်အရ အွန်လိုင်းကို ပိုမိုသုံးစွဲလာကြသည့်အတွက် အစိုးရ ဌာနများအနေဖြင့်လည်း     အဆင်သင့်ဖြစ်နေရန် လိုအပ်သည်များ       ပြင်ဆင်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ဆိုက်ဘာလုံခြုံရေးသည်  အရေးကြီးလာ သည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် မူဝါဒများ အမြန်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်းနှင့် Myanmar e-Governance Master Plan အသစ်တစ်ခုကိုလည်း ဆက်လက်ရေးဆွဲ ပြုစု ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့ပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ လျင်မြန်စွာ တိုးတက်လာ သည့်  မိုဘိုင်းဖုန်းသုံးစွဲမှု၊  အင်တာနက်သုံးစွဲမှုအခြေ အနေများကြောင့်   ကောင်းမွန်သည့် အကျိုးကိုရရှိခဲ့ သလို ပြည်သူများ၏  ဆိုက်ဘာလုံခြုံမှုနှင့် Online  များမှတစ်ဆင့်   ပုဂ္ဂိုလ်ရေး   ခြိမ်းခြောက်ခံရခြင်း၊ ဆိုက်ဘာမှုခင်းကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါး အပါ အဝင်   တရားမဝင်ရောင်းဝယ်မှု၊  လူကုန်ကူးခြင်း၊ နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေမည့်     အကြမ်း ဖက်မှုကိစ္စ   စသည်များလည်း   များပြားလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် အညီ လိုအပ်သည့် ကာကွယ်တားဆီးအရေးယူမှု များဆောင်ရွက်နိုင်ရန်      ကြိုတင်ပြင်ဆင်ထားရှိ မှုများ   ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်းနှင့်   ယင်းလုပ်ငန်းများကို   စနစ်တကျ   ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်မည်ဖြစ်သည့်အတွက် လူသားအရင်းအမြစ်     ဖွံ့ဖြိုးတိုးတက်စေရေးကို လည်း     အထူးအလေးထား    ဆောင်ရွက်ကြရန်     လိုအပ်ကြောင်း  ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ယခင် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်    e-Govern- ment အကောင်အထည်ဖော်ရေး    ဆပ်ကော်မတီ  ရှစ်ခုကို ပြန်လည်  ပြင်ဆင်ဖွဲ့စည်းနိုင်ရေး  ကိစ္စရပ် များ၊  Myanmar e-Governance Master  Plan (2021-2030) မူကြမ်းထွက်ရှိရေး   ဆောင်ရွက်မှု အခြေအနေများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) ပြုစုရေးဆွဲထား ရှိမှု  အခြေအနေများကို တာဝန်ရှိသူအသီးသီးက ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။


ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက   တင်ပြချက်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေး ချက်များအပေါ်  ဥက္ကဋ္ဌ၊   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။  

  
သတင်းစဉ်