
မော်လမြိုင် သြဂုတ် ၁၃
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ က မော်လမြိုင်စက်မှုဇုန်ရှိ လွင်အောက်ဆီဂျင် စက်ရုံ၌ အောက်ဆီဂျင် အရည်ကန်မှ လီတာ ၄၀ ဆံ့ အိုးများသို့ အောက်ဆီဂျင် ဖြည့်တင်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ တာဝန်ရှိသူများအား ပြည်သူများအတွက် လိုအပ် လျက်ရှိသော အောက်ဆီဂျင်အိုး များကို လျင်လျင်မြန်မြန်ရရှိနိုင် ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်၊၊
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွင်အောက်ဆီဂျင် ထုတ်လုပ်ရေး စက်ရုံမှတစ်ရက် လျှင် လီတာ ၄၀ ဆံ့ အိုး အလုံး ပေါင်း ၄၀၀ ခန့် ထုတ်လုပ်ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၊ တပ်မတော် ခုတင် ၃၀၀ ဆေးရုံ၊ ပြည်နယ်အတွင်းရှိ မြို့နယ် ပြည်သူ့ဆေးရုံများ၊ ပြည်နယ် ပရိယတ္တိဗိမာန်၌ ဖွင့်လှစ်ထား သော ကန့်သတ်စောင့်ကြည့်ရေး စင်တာနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများသို့ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်၊၊
ခရိုင် (ပြန်/ဆက်)