
နေပြည်တော် ဇန်နဝါရီ ၃၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲမှုဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေး သွားမည်ဖြစ်သည်၊၊
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော် ဗုဒ္ဓတက္ကသိုလ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်မီးရှိုးဖျက်ဆီးမှု”ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ် အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်မည်ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်လက်များအား လျှို့ဝှက်ပေးထား မည်ဖြစ်သည်၊၊ သတင်းစဉ်