“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၄


မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ  စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင်  FM  ၏   “ပြည်သူ့ကြားက  ပြည်သူ့စကား”  အစီအစဉ်မှ “သတင်းတု၊ သတင်းမှားများကို ချင့်ချိန်ယုံစေချင်”  ခေါင်းစဉ်ဖြင့် နိုဝင်ဘာ  ၁၅   ရက်  မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေး သွားမည်ဖြစ်သည်။  


လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် ‘‘နိုင်ငံတော်ကို အမှန်တကယ်ချစ်မြတ်နိုးသူများ’’ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့   နံနက်   ၁၀  နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅   သို့    အမည်၊  နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်  ပရိသတ် များ၏      ဖုန်းနံပါတ်များနှင့်     ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။        


   သတင်းစဉ်