ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

 

 

နေပြည်တော်    ဇန်နဝါရီ    ၂၅
မျက်မှောက်ကာလတွင်    ဖြစ်ပွားလျက်ရှိသော   လုံခြုံရေး၊    တရား ဥပဒေစိုးမိုး‌ရေးနှင့်  အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ် များနှင့်ပတ်သက်၍   ပရိသတ်များ၏   ရင်တွင်းခံစားချက်စကားသံ များကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ကိုဗစ်-၁၉   ရောဂါ  ဝေဒနာရှင်များ၏  အဓိကအသက်ကယ်ဆေး ဖြစ်သည့်      တိုင်းဒေသကြီးနှင့်     ပြည်နယ်များသို့    ဖြန့်ဖြူးပေး မည့်    Liquid    Oxygen    သယ်ဆောင်လာသော   မော်တော်ယာဉ် အား    မြဝတီမြို့နယ်တွင်   အကြမ်းဖက်  သောင်းကျန်းသူများက အကြောင်းမဲ့   ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့်  ဇန်နဝါရီ  ၂၆  ရက်  မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။ 
ထို့ပြင်  လာမည့်အပတ်ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင် “ PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ  ၂၅၀၀ ဝင်းအတွင်း လက်လုပ် မိုင်းဖြင့်    ပစ်ပေါက်ဖောက်ခွဲမှုဖြစ်စဉ်”  ခေါင်းစဉ်ဖြင့်  ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့်  ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များ အနေဖြင့် အပတ်စဉ်အင်္ဂါနေ့ နံနက်  ၁၀  နာရီအချိန်မှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်    ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ် များ၏    ဖုန်းနံပါတ်များနှင့်    ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။       
သတင်းစဉ်