“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    ဧပြီ    ၄
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  အကြမ်း ဖက်မှု   တားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြား က  ပြည်သူ့စကား”   အစီအစဉ်မှ   “ဆူးကြားက ဘူးခါး (သို့မဟုတ်) EPC ” ခေါင်းစဉ်ဖြင့်  ဧပြီ ၆ ရက် မွန်းလွဲ  ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက် ပေးသွားမည် ဖြစ်သည်။
အလားတူ   လာမည့်အပတ်   ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “မွန်ပြည်နယ်ရှိ အများ ပြည်သူ  သွားလာအသုံးပြုနေသော သံပေါင် ဘေလီတံတား ၁ စင်းအား အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု”    နှင့်     ပတ်သက်သည့်    ခေါင်းစဉ်ဖြင့်    ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေး လိုသူ   ပရိသတ်များအနေဖြင့်     အပတ်စဉ်  ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း  ဖုန်းနံပါတ်  ၀၉-၈၉၉၀၉၉၅၉၅  သို့  အမည်၊   နေရပ်လိပ်စာ၊    အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို   Message  ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့်  ပရိသတ်များ၏  ဖုန်းနံပါတ် များနှင့်    ကိုယ်ရေးအချက်အလက်များအား    လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်