“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

 

နေပြည်တော်    မတ်   ၁၅
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှု  တားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြား က ပြည်သူ့စကား”  အစီအစဉ်မှ “စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ်၌  PDF  အမည်ခံ အကြမ်းဖက်သမားများက ရပ်/ကျေးစာရေး အမျိုးသမီးတစ်ဦး အား ရက်စက်စွာ  သတ်ဖြတ် မှု” ခေါင်းစဉ်ဖြင့်    မတ် ၁၆ ရက်    မွန်းလွဲ  ၁ နာရီတွင်   ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
အလားတူ   လာမည့်အပတ်   ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်   “စိုးရိမ်ဖွယ်ရာ  လူငယ့် ပညာရေးနှင့်   အနာဂတ်ကို   သင်းသတ်နေ သူများ”   နှင့်    ပတ်သက်သည့်    ခေါင်းစဉ် ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေးလိုသူ  ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ  ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊  နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့်  ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေး ထားမည်ဖြစ်ကြောင်း သိရသည်။  သတင်းစဉ်