“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်    ဩဂုတ်    ၂၃


မျက်မှောက်ကာလတွင်  ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊  တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီး‌ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ လဝကရုံးအတွင်းသို့ PDF အကြမ်းဖက်သမားနှစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ဦးစီးမှူး စိုးရိမ် ဒဏ်ရာရ၍   ဒုဦးစီးသေဆုံးခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ်ဖြင့်  ဩဂုတ် ၂၄ ရက်    မွန်းလွဲ ၁ နာရီတွင်   ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။ 

 


လာမည့်အပတ် ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင် “ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား အဓိကငွေကြေးထောက်ပံ့နေသည့် မြန်မာ သူရ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကျော်သူရအပါအဝင် တရားခံများအား ဖမ်းဆီးရမိ”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပ‌တေး နေ့  နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၉၅  သို့ အမည်၊  နေရပ်လိပ်စာ၊   အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို  Message  ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့်  ပရိသတ်များ၏  ဖုန်းနံပါတ်များနှင့်    ကိုယ်ရေးအချက်အလက် များအား လျှို့ဝှက်ထားမည်ဖြစ်ကြောင်း သိရသည်။      

သတင်းစဉ်