“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 

 

နေပြည်တော်    ဇန်နဝါရီ    ၁၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်    အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏   ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ“မကွေးတိုင်း ဒေသကြီး ပေါက်မြို့ရှိအခြေခံပညာမူလတန်းလွန်ကျောင်း နှစ်ကျောင်း အား   အကြမ်းဖက်သမားများက   လက်လုပ်မိုင်းများအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးသည့်”   ခေါင်းစဉ်ဖြင့်  ဇန်နဝါရီ   (၁၂) ရက် မွန်းလွဲ  ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ရေဦးမြို့နယ် ပလူဇာဝတိုက်နယ်ဆေးရုံမှ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် မည့် ဆေးဝါးများ သယ်ဆောင်လာသည့် လူနာတင်ယာဉ် နှစ်စီးအား  PDF အမည်ခံအကြမ်းဖက်သမားများက   မိုင်းဆွဲတိုက်ခိုက်သည့်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေး လိုသူပရိသတ်များအနေဖြင့် အပတ်စဉ်အင်္ဂါနေ့  နံနက် ၁၀  နာရီမှ ၁၁ နာရီအတွင်း  ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်ကို  Message ပေးပို့ပါဝင် နိုင်မည်ဖြစ်သည်။  ပါဝင်လာသည့် ပရိသတ်များ ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား  လျှို့ဝှက်ပေး ထားမည်ဖြစ်သည်။                                                  သတင်းစဉ်