ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နေပြည်တော်  မေ  ၁၄
နိုင်ငံသားတိုင်းသည်  ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့်   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်    ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက် ရန် တာဝန်ရှိကြသဖြင့်   ယင်းတာဝန်များ ကို  ထမ်းဆောင်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်       စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေ အမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ  ၁၀  ရက်တွင် စတင် အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှု ထမ်းသင်တန်း အမှတ်စဉ်(၁)ကို   တိုင်း ဒေသကြီးနှင့်     ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
ဆက်လက်၍      ပြည်သူ့စစ်မှုထမ်း သင်တန်း     အမှတ်စဉ် (၂) တွင်   ပါဝင် တက်ရောက်ကြမည့်    အရည်အချင်း ကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေ များရှိ   သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင် မှုများကို  ဆောင်ရွက်ခဲ့ကြပြီး    ယနေ့   နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များအလိုက်   နယ်မြေခံသင်တန်း ကျောင်းများတွင်    သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။
အဆိုပါ     သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက   သင်တန်းဖွင့် အမှာစကားများ  ပြောကြားခဲ့ပြီး   တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲ များသို့ တက်ရောက်အားပေးချီးမြှင့်ကြ ကာ  သင်တန်းသားများအား   ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ 
သင်တန်းဖွင့်ပွဲများအပြီးတွင်  တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်  တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌   ပြည်သူ့ စစ်မှုထမ်းသင်တန်း    အမှတ်စဉ်(၂)မှ သင်တန်းသားများအား   တွေ့ဆုံအမှာ စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး  သင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက်ကြမည့်သင်တန်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ယနေ့တွင်       ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း   သင်တန်းအမှတ်စဉ် (၂)မှ  သင်တန်းသားများအနေဖြင့်     နိုင်ငံ့ သားကောင်းလူငယ်များအဖြစ်      နိုင်ငံ့ တာဝန်များကို ဂုဏ်ယူစွာ    ထမ်းဆောင် ကြတော့မည်ဖြစ်ပြီး      ထိုသို့    တာဝန် ထမ်းဆောင်ကြမည့်  သင်တန်းသားများ၏   စကားသံများကိုလည်း ယခုလို ကြားသိရ သည် -
“နိုင်ငံသားတစ်ယောက်    အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက   မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်     လို့တော့ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဥပဒေချမှတ် တယ်ဆိုတာကလည်း  နိုင်ငံတော်အကျိုး ပြုရေးအတွက်၊ ပြည်သူ  ပြည်သားများ အားလုံးကောင်းစားရေးအတွက် လုပ်တယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဥပဒေဟာ ဆိုရင်လည်း အရင်ကတည်းက ရေးဆွဲ ထားခြင်းဖြစ်ပြီး ဒီဥပဒေက အခုမှ  အသက် သွင်းတာဖြစ်ပါတယ်။ သင်တန်းဆင်းသွား ရင်လည်း ပေးအပ်တဲ့တာဝန်ကို ကျွန်တော် တို့ အပြည့်အဝထမ်းဆောင်ပြီး ပြည်သူ ပြည်သားအားလုံးကိုလည်း လုံခြုံမှုရှိစေ ဖို့ ကျွန်တော်တို့    တာဝန်ယူပါမယ်လို့ သစ္စာဆိုထားပါတယ်”။
“ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂) ကို တက်ရောက်ဖြစ်တာကတော့ ကျွန်တော့် စိတ်သဘောဆန္ဒအရ   တက်ရောက်ဖြစ် တာပါ။ စစ်ပညာတွေကိုလည်းသင်ယူချင် လို့ပါ။ အမှတ်စဉ်(၁)က သူငယ်ချင်းတွေ ကိုလည်း  အားကျလို့   လာတက်တာပါ။ နိုင်ငံတော်ကာကွယ်ရေးအတွက်  ကျရာ ကဏ္ဍကနေ   အကောင်းဆုံး    ကြိုးစား သွားမှာပါ”။
သတင်းစဉ်