“ပြည်သူ့ ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်  မတ် ၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံ‌ရေး၊ တရားဥပဒေစိုးမိုး‌ရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက်    စကားသံများအား   သဇင်  FM  ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “သထုံမြို့မဈေးအတွင်း  PDF   အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက် မိုင်းဖြင့်    ဖောက်ခွဲမှုကြောင့်   ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေကြသည့်  အပြစ်မဲ့ပြည်သူ များ    ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ဈေးဆိုင်ခန်း အများအပြား ပျက်စီးဆုံးရှုံးခဲ့မှု”   ခေါင်းစဉ်ဖြင့်  မတ် ၂  ရက်  မွန်းလွဲ  ၁  နာရီတွင်  ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်၊၊ 
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ  ၁ နာရီတွင် “CDM ရန်ပုံငွေ အရှုပ် တော်ပုံ   သို့မဟုတ်   အ သူခံ   လည်  သူစား”  ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ် သောကြောင့် ပါဝင်ဆွေးနွေးလိုသူ    ပရိသတ် များအနေဖြင့်  အပတ်စဉ် ကြာသပတေးနေ့  နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို Message ပေးပို့  ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့်  ပါဝင်လာသည့်   ပရိသတ် များ၏ ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက် အလက်များအား     လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း  သိရသည်၊၊                     
သတင်းစဉ်