ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

 

 

နေပြည်တော် ဒီဇင်ဘာ ၂၇

 

နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှုယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား ၄၀ ကို ဒါကာမြို့ရှိ မြန်မာ သံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား များ အလှည့်ကျ ဝန်ထမ်းပြောင်းလဲ ခြင်း အကူအညီပေးရေးကော်မတီ (CCSC)တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ ၈၀၊ ပနားမားမှ နှစ်ဦး၊ ဂျပန်မှ ၂၇ ဦး၊ ကနေဒါမှ တစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှ လေးဦး၊ စင်ကာပူမှ လေးဦး၊ ဗြိတိန်မှ နှစ်ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ခုနစ်ဦး၊ ဟောင်ကောင်မှ သုံးဦး၊ မြန်မာ သင်္ဘောသား စုစုပေါင်း ၁၃၀ လိုက်ပါ ခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွား အလာကန့်သတ်မှုခုနစ်ရက်နှင့် နေအိမ် တွင် အသွားအလာကန့်သတ်မှု ခုနစ် ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များ၊ သင်္ဘောကုမ္ပဏီများ/အဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်