
နေပြည်တော် ဩဂုတ် ၁၃
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့ဦးဆောင်၍ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကဇုန်၊ ဥရောပဇုန်၊ အမေရိကဇုန်နိုင်ငံ များရှိ မြန်မာသံရုံးနှင့် အဖွဲ့ရုံး များမှ မြန်မာ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ နှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိ သော နိုင်ငံရေး အခြေအနေများ နှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းခြင်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က လက်ရှိနိုင်ငံ ရေးအခြေအနေများနှင့် ဆောင် ရွက်ချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပခဲ့ခြင်း နှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက် များကို အသိပေးရှင်းလင်းပြော ကြား၍ လိုအပ်သည်များ မှာကြား သည်။
ပြန်လည်ရှင်းလင်းဆွေးနွေး
ထို့နောက် မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များနှင့် သံရုံး ယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ကြသည်။
အာရှပစိဖိတ်ဒေသမှ သံရုံး အကြီးအကဲများနှင့် အလားတူ အသိပေးရှင်းလင်းခြင်း အစည်း အဝေးအား ဩဂုတ် ၁၁ ရက် က ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်