
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) လောက် ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား နှစ်ဦး၊ အမျိုး သမီး နှစ်ဦး စုစုပေါင်း လေးဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၁၈ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၁၉၉ ဦးတို့ကိုလည်း ကောင်း လက်ခံခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင် ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိ သူများအား သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်