
နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ ကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း ချင်းရွှေ ဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသားသုံးဦးကို လက်ခံ ခဲ့ကြသည်။
ထိုသို့လက်ခံရာတွင် သက် ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များ ကူညီဆောင် ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင် ပေးကြောင်းနှင့် ရောဂါပိုးတွေ့ရှိ သူများအား သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်