
နေပြည်တော် ဇန်နဝါရီ ၁၁
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၄ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၂၄၅ ဦးနှင့် ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ခြောက် ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၀ ဦးတို့ကို လက်ခံခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေး ပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးကြ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များ သက်ဆိုင်ရာ နေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်