ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၂၃


ပြည်ပနိုင်ငံများမှ   ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ ကို  နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ   ၂၂  ရက်တွင် ရှမ်းပြည်နယ်   (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၂၁ ဦး၊ အမျိုး သမီး ၁၆၃ ဦး၊ စုစုပေါင်း ၃၈၄ ဦး၊ ချင်းရွှေဟော်မြို့သို့     ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၇၀၊ အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၁၀၃ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ    အမျိုးသား သုံးဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ရှစ်ဦးတို့ကို  လက်ခံခဲ့ကြသည်။ 

 


ထိုသို့      လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွ က် စာတမ်းများ    ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန် ကြားချက်များကို      ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ   တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း     သတင်းရရှိ သည်။  

                 
 သတင်းစဉ်