ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   ဩဂုတ်    ၁၃


ပြည်ပနိုင်ငံများမှ     ဝင်ရောက်လာ သည့်     မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ်များတွင်     လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၂ ရက်တွင်       ရှမ်းပြည်နယ် မြောက်ပိုင်း     မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ  အမျိုးသား ၁၀ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၈ ဦးတို့ကိုလည်းကောင်း၊ ယနေ့ တွင် ကရင်ပြည်နယ်   မြဝတီမြို့ မြန်မာ-ထိုင်း    ချစ်ကြည်ရေး တံတားမှ   အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၈၃ ဦး  စုစုပေါင်း ၂၀၄ ဦးကိုလည်းကောင်း    အသီးသီး လက်ခံခဲ့သည်။ 
ထိုသို့      လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ    တာဝန်ရှိသူ များ၊   တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက     ကိုဗစ် - ၁၉    ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်     အထောက် အထား    စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊    ကျန်းမာရေး ဝန်ကြီးဌာန၏     လမ်းညွှန်ချက် များကို   ရှင်းလင်းပြောကြားခြင်း တို့ကို   စနစ်တကျဆောင်ရွက်ပေး ပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊     ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုအပ်သည်များ    ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက   စီစဉ်ဆောင်ရွက် ပေးသည့်         ခရီးသည်တင် မော်တော်ယာဉ်များဖြင့်  ၎င်းတို့ နေရပ်အသီးသီးသို့    လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများအား  သက်ဆိုင်ရာ နေရာများတွင်  သီးသန့်ထားရှိ၍   လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း    သိရသည်။                 
   

သတင်းစဉ်