ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်  ဩဂုတ် ၂၈

ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင်  လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)  မူဆယ်မြို့ မြန်မာ-တရုတ်       နှစ်နိုင်ငံနယ်စပ် နန်းတော်        စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၆၄ ဦးနှင့်  အမျိုးသမီး ၂၀၁ ဦး စုစုပေါင်း ၄၆၅ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေး ဂိတ် ရန်လုံကျိုင်းတံတားမှ အမျိုးသား တစ်ဦးတို့ကို လက်ခံခဲ့သည်။ 

ထိုသို့လက်ခံရာတွင်  သက်ဆိုင် ရာ ပြည်သူ့ဆေးရုံများမှ   ကျန်းမာရေး ဆိုင်ရာ  တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက     ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်  အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို  စနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ  ကူညီဆောင်ရွက် ပေးကြသည်။


လိုက်လံပို့ဆောင်


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက်ပေး သည့်      ခရီးသည်တင်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့   လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်  ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို      အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


သတင်းစဉ်