ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂၂


ပြည်ပနိုင်ငံများမှ        ဝင်ရောက် လာသည့်   မြန်မာနိုင်ငံသားများ ကို      နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ  ဆောင်ရွက်ပေးလျက်ရှိ ရာ ဩဂုတ် ၂၁ ရက်တွင် မူဆယ် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး စုစုပေါင်း ၄၆၁ ဦး ကို မြန်မာ-တရုတ်  နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှ တစ်ဆင့် လက်ခံခဲ့သည်။
ထိုသို့          လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများ မှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက   ကိုဗစ် - ၁၉    ရောဂါ စစ်ဆေးပေးခြင်း၊      Quarantine ဝင်ရောက်ရမည့်      အထောက် အထား     စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊     ကျန်းမာရေး ဝန်ကြီးဌာန၏    လမ်းညွှန်ချက် များကို  ရှင်းလင်းပြောကြားခြင်း တို့ကို  စနစ်တကျ ဆောင်ရွက်ပေး ပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊     ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုအပ်သည်  များ         ကူညီ    ဆောင်ရွက်ပေး ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့်              ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့ နေရပ်အသီးသီးသို့          လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို  အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်    ရှိကြောင်း သတင်းရရှိသည်။    

သတင်းစဉ်