
နေပြည်တော် ဩဂုတ် ၂၁
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား များကို နယ်စပ်ဂိတ်အသီးသီး တွင် လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၁၉ ရက်မှ ယနေ့အထိ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၇ ဦး၊ အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၂၆ ဦးနှင့် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၈၈ ဦး၊ အမျိုးသမီး ၁၁၅ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို နယ်စပ် ဂိတ်အသီးသီးမှတစ်ဆင့် လက်ခံ ခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များကို ရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျဆောင်ရွက် ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များကူညီ ဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက စီစဉ် ဆောင်ရွက်ပေးသည့် ခရီးသည် တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်