ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၈


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်  မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက် တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန် လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၈၄ ဦး စုစု ပေါင်း ၃၇၁ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၇၇ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၅၉ ဦးနှင့် လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃ ဦး၊  အမျိုးသမီး နှစ်ဦး    စုစုပေါင်း  ၁၅ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင် ပြည်နယ် မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၈၆ ဦးနှင့် အမျိုးသမီး ၂၁၀  စုစုပေါင်း ၄၉၆ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင် ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာ ရေးဆိုင်ရာ     တာဝန်ရှိသူများ၊   တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရ မည့် အထောက်အထား     စာရွက် စာတမ်းများ     ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို  ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေးပြီး      တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန  ဆိုင်ရာ တာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီး သီးသို့      လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍    လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ် ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင် ပြေ  ချောမွေ့အောင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း   သတင်းရရှိသည်။                    

သတင်းစဉ်