
ရန်ကုန် နိုဝင်ဘာ ၂၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ရုံးခွဲတာဝန်ခံများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှု၍ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ် ကြောင်း၊ မိမိတို့ကျရာတာဝန်ကို တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လို ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍ များတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ များနှင့်ဆက်ဆံရာတွင် စိတ်ရှည်သည်းခံပြီး ယဉ်ကျေး စွာဆက်ဆံရန်၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းများ၊ အဂတိ လိုက်စားခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားပြီး ရုံးခွဲတာဝန်ခံများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိက ပြည်ပအလုပ် အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) စိစစ် ထုတ်ပေးသည့်လုပ်ငန်းစဉ်များနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုအခြေအနေကို ရှင်းလင်းတင်ပြ သည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ် သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင် လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမား များအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်း ဒေသကြီးရုံး) တွင်လည်းကောင်း ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) များကို စိစစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ် ဖြင့်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူများကိုလည်း ကောင်း OWIC ပြုလုပ်ပေးလျက်ရှိရာ ထိုင်းနိုင်ငံ သို့ ၁၁၁၀၅၉၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၂၀၃၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၄၃၆၄ ဦး၊ ဂျပန်နိုင်ငံသို့ ၆၀၀၁၃ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၅၅၆၆ ဦးအပါအဝင် ပြည်ပ နိုင်ငံ ၉၃ နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမား ၁၆၈၄၉၃၄ ဦးကို OWIC ကတ်ပြုလုပ် ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်