ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးလျက်ရှိ

 

နေပြည်တော်   မတ်   ၁


ပြည်ပမှမှာယူထားသည့်   စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း  ရန်ကုန်တိုင်းဒေသကြီး  သီလဝါဆိပ်ကမ်း ဒေသသို့ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက် သိုလှောင်ကန်များ အတွင်းသို့ စက်သုံးဆီများ   ချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံး ဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိသည်။


 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆီတင်ယာဉ် ၁၁၇၅ စီး ဖြင့် 92 Ron ဂါလန်  ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်း ကျော်   ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းနှင့်  သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်း များကြောင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ကို  စိုးရိမ်ပူပန်ပြီး လိုအပ် သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေး ချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိသည်။  

သတင်းစဉ်