
နေပြည်တော် ဖေဖော်ဝါရီ ၈
တပ်မတော်က ပြည်နယ်နှင့်တိုင်း အသီးသီးရှိ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို နေပြည်တော် သို့ခေါ်ယူထားပြီး တောင်တွင်းကြီး မြို့တွင် စစ်သင်တန်း နှစ်ပတ် ပေးကာ ရှေ့တန်းသို့အကူတပ်များ အဖြစ် စေလွှတ်မည်ဟု မဟုတ် မမှန်သတင်းများကို အကြမ်းဖက် အားပေး တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်ပေါ် တွင် ရေးသားဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။
အထက်ပါ သတင်းနှင့် ပတ်သက်၍သက်ဆိုင်ရာမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက် ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အပါအဝင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များပါ နေပြည်တော်သို့ ဘုရားဖူးရန် ရောက်ရှိလာမှုကို ပြည်ဖျက်မီဒီယာများက အချိန် အခါကိုက် သတင်းတု သတင်းမှား များအား ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်