ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထောက်ပံ့ကူညီမှုများဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဇူလိုင်   ၂၇

 


ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ သည့် အခြေအနေများနှင့် သက်ဆိုင်ရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်းထောက်ပံ့ကူညီ မှုများ  ဆောလျင်စွာ   ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို    ယနေ့ မွန်းလွဲပိုင်းတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊    ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ    တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင်  ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ပြည်နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်နေသည့် အတွက် ထိခိုက်ဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်း အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေဘေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား  လိုအပ်မှုအခြေ အနေပေါ်မူတည်၍    ဖြည့်တင်းပေးသွားမည်ဖြစ် ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ခြင်းဆိုင်ရာ       လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ လိုအပ်သည် များ          ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က  အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ တတိယပတ်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင် ရောက်မှု ဖြစ်ပွားခဲ့မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးများက ဆွေးနွေးတင်ပြကြသည်။ 

 


ဆက်လက်၍ အခြားတိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက  ကြိုတင်ကာကွယ်ခြင်း၊  ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


မိုးလေဝသနှင့်  ဇလဗေဒဦးစီးဌာနမှ   ခန့်မှန်း ထုတ်ပြန်ချက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ  အရေးပေါ် အခြေအနေ    စီမံခန့်ခွဲမှုဗဟိုဌာန၏   ရာသီဥတု ဝက်ဘ်ဆိုက်များအား   စိစစ်လေ့လာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့်   ဘင်္ဂလားပင်လယ်အော်တို့ တွင် မုတ်သုံလေအားကောင်းရာမှ   အားအလွန်ကောင်း နေသဖြင့် လာမည့်ရက်များအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးရေချိန် သုံးလက်မမှ ရှစ်လက်မအတွင်း ဒေသအလိုက် မိုးကြီးနိုင်ခြင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များ တွင်   မိုးရေချိန်  တစ်လက်မမှ  ငါးလက်မအတွင်း နေရာအနှံ့အပြား မိုးရွာသွန်းမှု များပြားနိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရသည်။ 

 


သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဖြန့်ဝေအသိပေးထားသည့် ရေဘေးအသိပညာ ပေး   စာစောင်တွင်   အကြံပြုထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်  ပြည်သူများအနေဖြင့် အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာန   ရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ ဖြစ်စေ အကူအညီတောင်းခံနိုင်ပါ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထပ်လောင်းနှိုးဆော် ထားကြောင်း သိရသည်။                    

 

သတင်းစဉ်