ပြည်နယ် လူမှုစီးပွား တိုးတက်စေသည့် ရှမ်း(တောင်ပိုင်း)မှ  လမ်းကွန်ရက်များ

 

 

ပေပေါင်း ၂၀၀၀ မှ ၈၀၀၀ ကျော်အထိ   မြင့်မားသော  ရှမ်းတောင်တန်းများက  တစ်တောင်နှင့်တစ်တောင်  ယှက်နွှယ်နေသည်။  ထိုသို့ မြင့်မားသော ရှမ်းတောင်တန်းများကိုကျော်ဖြတ်ပြီး လမ်းတံတားများ ဆောင်ရွက်ရသည်မှာ မြေပြင် မြေပြန့်တွင် ဆောင်ရွက်ရသည်လောက် လွယ်ကူမှုမရှိနိုင်။ သို့ရာတွင် မြင့်မားပြီး ကျောက်တုံး ကျောက်ဆောင်များ၊ လျှိုများ၊ ချောက်များ တည်ရှိနေသော တောင်တန်းများက ပြည်သူများ ဆက်သွယ်သွားလာရေးတွင် အတားအဆီးမဖြစ်စေရန် လမ်းကွန်ရက်များဖြင့် လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။ 
“တောင်ဆင်းတောင်တက်များတဲ့ တောင်ပေါ် ဒေသတွေဖြစ်တဲ့အတွက် လမ်းကောင်းမှ  အဆင် ပြေမှာပါ။  အခုကလမ်းတွေ  တော်တော်ကောင်း နေပါပြီ။ လမ်းကောင်းတော့  ယာဉ်မောင်းလည်း သက်သာတယ်၊   ကားလည်းသက်သာတယ်။၊ အတက် အဆင်း မတ်စောက်ပြီး  အကွေ့ကြီးတဲ့ နေရာတွေမှာ ကားကြီးတွေ  အဆင်ပြေပြေသွားလို့ ရအောင် ပြင်ဆင်ပေးထားပါတယ်။ လမ်းကြောင့် တော့  ယာဉ်အန္တရာယ်မဖြစ်အောင် ဆောင်ရွက် ထားပြီဖြစ်တဲ့အတွက်   အဆင်ပြေပြေသွားလာနိုင် ကြပါပြီ”  ဟု  လမ်းအသုံးပြုသူ  ကုန်တင်ယာဉ် ကားမောင်းသူ ဦးဇေယျာလင်းက ပြောသည်။
သွားရေးလာရေး အလှမ်းမဝေးတော့ပါ
စတုရန်းကီလိုမီတာ ၁၅၅၄၅၈ ကျယ်ဝန်းကာ နိုင်ငံ့စုစုပေါင်းဧရိယာ၏  လေးပုံတစ်ပုံနီးပါးရှိသော ရှမ်းပြည်နယ်သည်  ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့ဟူ၍ အပိုင်းသုံးပိုင်း ဖွဲ့စည်းတည်ရှိနေ သည်။ ပြည်နယ်မြို့တော်တည်ရှိရာ  ရှမ်းပြည်နယ် တောင်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး  တိုးတက် ကောင်းမွန်စေရေးအတွက် လမ်းဦးစီးဌာနမှ ခရိုင် သုံးခု၊ လမ်းအထူးအဖွဲ့သုံးဖွဲ့၊  တံတားဦးစီးဌာနမှ တံတား  အထူးအဖွဲ့နှစ်ဖွဲ့ဖြင့်  လမ်း/ တံတား လုပ်ငန်းများကို      တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။ ဘဏ္ဍာနှစ်အလိုက်  လမ်းပိုင်းများ မြှင့်တင် ဆောင်ရွက်ခဲ့သည့်အတွက်      ရှမ်းပြည်နယ် တောင်ပိုင်း ပြည်နယ်မြို့တော်  တောင်ကြီးမြို့သို့ သွားရေးလာရေး အလှမ်းမဝေးတော့ပါ။ 
“ကျွန်တော်တို့  လမ်းဦးစီးဌာနအနေနဲ့  ရှမ်း ပြည်နယ်တောင်ပိုင်းမှာ      နှစ်စဉ်ရရှိတဲ့ ဘဏ္ဍာ ရန်ပုံငွေနဲ့  လမ်းအဆင့်မြှင့်တင်တာ၊ လမ်းဖောက် လုပ်တဲ့လုပ်ငန်းတွေ       ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့  Paved Ratio  အနေနဲ့ ကတ္တရာ ကွန်ကရစ် /ကွန်ကရစ် / ကတ္တရာလမ်း  လမ်းမိုင် အချိုး ၈၃ ရာခိုင်နှုန်း ၊ လမ်းအကျယ် Width Ratio အနေနဲ့ ၁၈ ပေ / ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ်/ ကွန်ကရစ် / ကတ္တရာလမ်းမိုင်အချိုး  ၅၆ ရာခိုင်နှုန်း အထိ  တိုးတက်လာပါပြီ”  ဟု ရှမ်းပြည်နယ် တောင်ပိုင်း  လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော်က ပြောကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီးဌာနသည် ပြည်ထောင်စုမှစီမံခန့်ခွဲလျက်ရှိသည့် လမ်း ကိုးလမ်း လမ်းမိုင်အရှည်  ၇၉၇ မိုင် ၀  ဒသမ ၅ ဖာလုံ၊ ပြည်နယ်မှ  စီမံခန့်ခွဲလျက်ရှိသည့် လမ်း ၆၂ လမ်း လမ်းမိုင်အရှည် ၁၆၈၇ မိုင် ၇ ဒသမ ၅ ဖာလုံကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
တာဝန်ယူဆောင်ရွက်
“ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း  လမ်းအရေအတွက်  စုစုပေါင်း ၇၁၊ လမ်းမိုင်အရှည်အားဖြင့် ၂၄၈၅ မိုင် ၀ ဖာလုံနဲ့ ပေ ၁၈၀  အထက်  သံကူကွန်ကရစ်တံတား  အပါအဝင် စုစုပေါင်းတံတား   ၇၃၇၉   စင်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။  ဒီလမ်းပိုင်းတွေထဲက လမ်းမိုင်  ၁၇၁ မိုင် ၄ ဖာလုံကို ပုဂ္ဂလိကကုမ္ပဏီ သုံးခုကနေ  BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက် နေပါတယ်” ဟု လမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသူရဇော်က ရှင်းပြသည်။
လမ်းဦးစီးဌာနသည် လမ်းနှင့်တံတားများကို နိုင်ငံတော်မှ ချမှတ်ထားသည့် Good Governance, Clean Government မူဝါဒများ အကောင်အထည် ဖော်နိုင်ရန်အတွက်  Regulatory Body အဖြစ် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင် ပိုမိုထိရောက်စေရန် ဆောင်ရွက် ခြင်း၊ အရည်အသွေးပိုမိုကောင်းမွန်ပြီး ပြည်သူများ အား    ဝန်ဆောင်မှုပိုမိုပေးနိုင်ရန်    ရည်ရွယ် ဆောင်ရွက်ခြင်း၊      နိုင်ငံတကာစံချိန်စံညွှန်း (Standard  Specification)  များ၊  Rules & Regulations  များ  ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း
ထို့အတူ  လမ်းအူကြောင်းနှင့်  လမ်းလွှာဒီဇိုင်း များ  ပုံစံထုတ်ခြင်း၊ လမ်းဦးစီးဌာနသည် ပြည်သူ့ လုပ်ငန်းနှင့်    မြို့ပြဖွံ့ဖြိုးရေး    ဝန်ကြီးဌာနပိုင် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော လမ်းပေါ်ရှိ လမ်းလုပ်ငန်းများအား   နှစ်အလိုက်စီမံကိန်းများရေးဆွဲခြင်း၊ နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ပြုစု၍  ငွေလုံးငွေရင်းရန်ပုံငွေများ   လျာထား ဆောင်ရွက်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်း၊ နိုင်ငံအတွင်းရှိ လမ်းမိုင် စာရင်းများ နှစ်စဉ်ပြုစုပေးခြင်း၊ လမ်းလုပ်ငန်းများ အား BOT စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက် ရေးလုပ်ငန်းနှင့်  ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း များအား  တင်ဒါစနစ်ဖြင့် ပုတ်ပြတ်လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများ တွင် တည်ဆောက်ရေး  ပစ္စည်းဝယ်ယူဖြန့်ဖြူးရေး များကိုလည်း Open Tender  ပီပီပြင်ပြင် အကောင် အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးရသည်။
လမ်းဦးစီးဌာနသည်   ပုဂ္ဂလိကကဏ္ဍ   ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး စာချုပ်စာတမ်း ခိုင်ခိုင် မာမာ   ချုပ်ဆိုဆောင်ရွက်၍  လုပ်ငန်းများတာဝန် ပေးအပ်ဆောင်ရွက်ခြင်း၊         ဆောင်ရွက်သည့်  လုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့်  အရည် အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများ  ဆောင်ရွက် ခြင်း၊  နိုင်ငံတကာ (Department of Highways) ဖွဲ့စည်းပုံနှင့်အညီ လူ့စွမ်းအားနှင့်သင်တန်းဌာနခွဲ၊ စီမံခန့်ခွဲရေး/  မူဝါဒနှင့်   ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ၊   သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ဥပဒေဌာနခွဲ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ/ လမ်းအန္တရာယ်ကင်းရှင်းရေးဌာနခွဲ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊   လမ်းထိန်းသိမ်းရေး ဌာနခွဲနှင့်  ဖြည့်တင်းရေးဌာနခွဲတို့အား  အသစ် ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အခြားဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့များမှ အပ်နှံလာသည့် လုပ်ငန်းများကို လက်ခံဆောင်ရွက် ပေး ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လုပ်ငန်း များအား စီမံကွပ်ကဲခြင်းနှင့်  ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရသည်။
ယင်းလုပ်ငန်းတာဝန်များနှင့်အညီ         ရှမ်း ပြည်နယ်တောင်ပိုင်း  လမ်းဦးစီးဌာနသည်  ဒေသ တွင်းလမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ရာ တွင်  AC လမ်း၊   ကွန်ကရစ်လမ်း၊    ကတ္တရာလမ်း၊ အမာခံလမ်း၊ မြေလမ်း စသည့်လမ်းအမျိုးအစားများ ကို   ဘဏ္ဍာငွေရရှိမှုအပေါ်  မူတည်၍  ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။
၂၀၂၁ ခုနှစ်  အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ    ခြောက်လ    ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု /  ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကတ္တရာ လမ်းသစ်ခင်းခြင်း ၇ မိုင် ၂ ဖာလုံ ၊  ၂၄ ပေ / ၁၈ပေ  အကျယ်ကတ္တရာလမ်းချဲ့ခြင်း  ၃၂ မိုင် ၄ ဖာလုံ၊ ၂၄ပေ / ၁၈ ပေ အကျယ်ရရန် ဒု-အခြေခံလွှာ/အခြေခံလွှာဖြင့်ချဲ့ခြင်း ၁၂ မိုင် ၄ ဖာလုံ၊ လမ်းအနိမ့် အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၂၄ မိုင် ၄ ဖာလုံ ၊ ကျောက်တောင်/ မြေတောင်လမ်း ချဲ့ခြင်း ၂၈ မိုင် ၁ ဖာလုံ၊ ပေ ၅၀ နှင့်အထက် သံကူ ကွန်ကရစ်တံတားတည်ဆောက်ခြင်း ၁၀ စင်း၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတားနှင့် ရေပြွန် တည်ဆောက်ခြင်း ၄၁ စင်း၊ တံတားချဲ့ခြင်း/ ပြုပြင် ခြင်း ၁၂ စင်း ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ   ခြောက်လတာ  ဘဏ္ဍာနှစ်အတွင်း ကျောက်စီရေမြောင်းနှင့်  မြေကာနံရံတည်ဆောက် ခြင်း   ၃၄၆၁ ပေ ၊ အသိပေး/ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်း  ၂၆၇ ခု နှင့် သာမန်ပြင်ဆင်  ထိန်းသိမ်း ခြင်းလုပ်ငန်းများစသည့်      လုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း   ၂၁   ခု၊   လုပ်ငန်း အရေအတွက် ၄၀၈  ခုဖြင့် လမ်း/   တံတားအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို     အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၂ ခုနှစ်  မတ်လ  ၃၁ ရက်နေ့အထိ လမ်းအမျိုးအစား   လမ်းအခြေအနေမှာ   ကတ္တရာကွန်ကရစ်    AC လမ်း  ၇၂ မိုင်  ၂ ဖာလုံ ၁၉၈ ပေ၊ ကွန်ကရစ်လမ်း  မိုင်၂၀ ၆ ဖာလုံ ၅၉၄ ပေ၊ ကတ္တရာလမ်း ၁၉၂၉ မိုင် ၇ ဖာလုံ ၄၁၆ ပေ၊ ကျောက်လမ်း ၅၄ မိုင် ၆ ဖာလုံ ပေ ၃၃၀ အမာခံလမ်း မိုင် ၁၃၀  ၃ ဖာလုံ ၄၄၂ ပေ၊  မြေလမ်း ၂၄၅ မိုင် ၁ ဖာလုံအထိ တိုးတက်လာခဲ့သည်။
နှစ်ရှည်ပင်မစီမံကိန်း
လမ်းများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက် ရာတွင်   နှစ်ရှည်ပင်မစီမံကိန်းတွင်  ပါ၀င်သော နိုင်ငံတကာနှင့် ဆက်သွယ်သည့်လမ်းများ၊ အဓိက ပြည်ထောင်စုလမ်းများအား    ကတ္တရာလမ်း   ၃ ဒသမ  ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅ မီတာ အကျယ်ချဲ့ရန်နှင့်   ၇ မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ်ရရှိအောင်    ဘဏ္ဍာနှစ် အလိုက်  ရရှိရန်ပုံငွေပေါ်မူတည်၍   အဆင့်ဆင့် တိုးမြှင့်ဖောက်လုပ်ရန်၊     ပြည်နယ်လမ်းများအား ‌ရာသီမရွေးသွားလာနိုင်သည့်  လမ်းဖြစ်ရန်နှင့်  ၃ ဒသမ ၆၆ မီတာ  ၁၂ ပေ အကျယ်မှ ၅ ဒသမ ၅ မီတာ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့် တိုးမြှင့်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေပေါ် မူတည်၍  အကောင်အထည်ဖော် ဆောင်ရွက်ရန် ဟူသည့် လုပ်ငန်းစဉ်များကို  လမ်းဦးစီးဌာနမှချမှတ် ထားသည်။
ထိုကဲ့သို့  ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် အညီ  ဆောင်ရွက်ပြီး  အရည်အသွေးပြည့်မီသော လမ်းလုပ်ငန်းများဖြစ်စေရန်    လမ်းဦးစီးဌာနမှ အရည်အသွေး စိစစ်ရေးအဖွဲ့များ၏  စစ်ဆေးစိစစ်မှု များဖြင့်   ပြည်နယ်အတွင်းရှိ  လမ်းပိုင်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ 
ထိုသို့     ဆောင်ရွက်ခဲ့သည့်    လမ်းများ၏ အရည်အသွေးကို စစ်ဆေးနိုင်ရန်အတွက် လမ်းများ ဆောင်ရွက်ရာတွင်   ရှိရမည့်   စံအရည်အသွေး Technical Specification  ကို  လမ်းဦးစီးဌာနက ဒီဇိုင်းထုတ်ပေးစဉ်ကပင် တစ်ပါတည်း သတ်မှတ် ထားကြောင်း သိရသည်။
လမ်းတွေက အခြေခံလိုအပ်ချက်
“ပြည်သူတွေအတွက်     လူမှုစီးပွားဖွံ့ဖြိုးဖို့ စဉ်းစားရာမှာ   ဆက်သွယ်သွားလာဖို့ လမ်းတွေက အခြေခံလိုအပ်ချက်ဖြစ်တယ်။        ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လမ်းပိုင်းတွေ ကောင်းမွန်ဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့  ဦးစီးဌာနအနေနဲ့  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အပြီးမှာ    Paved Ratio    ကတ္တရာ ကွန်ကရစ်/    ကွန်ကရစ်/  ကတ္တရာလမ်းဖြစ်ပြီး၊ လမ်းမိုင် အချိုး ၈၄ ရာခိုင်နှုန်း၊  လမ်း ၁၈ပေ/၂၄ပေ အကျယ်ဖြစ်ပြီး ကတ္တရာကွန်ကရစ်/ ကွန်ကရစ် / ကတ္တရာလမ်းမိုင်အချိုး   ၅၇   ရာခိုင်နှုန်းအထိ တိုးတက်ဆောင်ရွက်နိုင်ဖို့  လျာထားပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသူရဇော်က ရှင်းပြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် လမ်းကွန်ရက် အဆင့်မြှင့်တင်မှုအနေဖြင့် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေတို့ဖြင့် ကတ္တရာကွန်ကရစ် AC လမ်းခင်း ခြင်း ၅ ဖာလုံ၊  ကွန်ကရစ်လမ်းခင်းခြင်း  ၇ ဖာလုံ၊  ကတ္တရာလမ်းသစ်ခင်းခြင်း  ၁၄ မိုင် ၇ ဖာလုံ ပေ ၃၃၀ ၊  ၂၄ပေ / ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၃၃ မိုင် ၇ ဖာလုံ ပေ ၃၃၀၊ ၂၄ ပေ/  ၁၈ ပေ အကျယ် ရရန် ဒု-အခြေခံလွှာ/အခြေခံလွှာဖြင့်ချဲ့ခြင်း ၂ မိုင် ၁ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအနိမ့် အမြင့်ဖြေညှိ၍  ကတ္တရာရေပိတ်လွှာလောင်းခြင်း မိုင် ၄၀၊  ၄  ဖာလုံတို့ကို လမ်းဦးစီးဌာနအနေဖြင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်သည်။
ထို့အတူ ကျောက်တောင်/ မြေတောင်လမ်းချဲ့ ခြင်း ၁၃  မိုင် ၃ ဖာလုံ၊  ပေ ၅၀ နှင့်အထက် သံကူ ကွန်ကရစ်တံတားတည်ဆောက်ခြင်း  ရှစ်စင်း၊ ပေ ၅၀  အောက်  သံကူကွန်ကရစ်တံတားနှင့် ရေပြွန် တည်ဆောက်ခြင်း  ၂၇ စင်း၊ တံတားချဲ့ခြင်း/ပြုပြင်ခြင်း ၁၀၅ စင်း၊ ကျောက်စီရေမြောင်းနှင့် မြေကာနံရံတည်ဆောက်ခြင်း ၅၃၀၉ ပေ၊ ကီလို မီတာတိုင်/ အသိပေး/  သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း ၁၁၇၈ ခု နှင့် သာမန် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများစသည့် လုပ်ငန်းများကို  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထား ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
ခရိုင် ၃ ခရိုင်၊ မြို့နယ် ၂၁ မြို့နယ် ဖွဲ့စည်းထား သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ  ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်အတွက် အခြေခံ ကျသည့် လမ်းကွန်ရက်များကို ရှမ်းပြည်နယ် တောင်ပိုင်း  လမ်းဦးစီးဌာနမှ  ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ် သည်။ ထိုသို့  ပြည်သူ့အတွက် ဆောင်ရွက်ရာတွင် ဦးစီးဌာနမှ  ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် အညီ  အရည်အသွေးပြည့်မီသော  လမ်းလုပ်ငန်းများ ဖြစ်စေရန်အတွက်လည်း ကြိုးပမ်းဖော်ဆောင်နေမည်ဖြစ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါ သည်။     ။

မေရတနာ