ပြည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

 

ပြည်   ဖေဖော်ဝါရီ   ၁၃


၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့  သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်  ၅ နာရီခွဲက ကျင်းပ ခဲ့သည်။

 


ရှေးဦးစွာ  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး      တက်ရောက်လာသော ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ က နိုင်ငံတော်အလံကို ငြိမ်သက်စွာ ဦးညွှတ်အလေး ပြု၍  (၇၅)နှစ်မြောက်     စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်နိုင်ငံတော်အလံတင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)