ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

 

ပြည်  ဖေဖော်ဝါရီ   ၂၀


ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ    မျိုးဗီဇပြောင်း     အိုမီခရွန်ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို      အရှိန်အဟုန်မြှင့်   ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ  သိရသည်။

 


ယင်းသို့ဆောင်ရွက်ရာတွင်      မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအပါအဝင်  မြို့နယ်အဆင့်ဌာန‌ ပေါင်းစုံမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊    သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက အဖွဲ့ ၁၁ ဖွဲ့ခွဲ၍ မြို့‌ပေါ်ရပ်ကွက်ကြီး ၁၀   ခုနှင့်   ပေါင်းတလည်မြို့တို့ရှိ   စည်ပင်သာယာ ဈေးများနှင့်   ဈေးဆိုင်များ၊   လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ   အပါအဝင်    လူစည်ကားရာ နေရာများနှင့် လမ်းမများ၌ ပြင်ပထွက်ခွာသွားလာ သူတိုင်း   ပါးစပ်နှာခေါင်းစည်း   စနစ်တကျတပ်ဆင် ရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး    လမ်းညွှန်ချက်များနှင့်အညီ    ပြုမူ နေထိုင်သွားလာရေး၊ ပါးစပ်နှာခေါင်းစည်း မတပ်ဆင် သူများအား ဒဏ်ကြေး‌ငွေကျပ်  ၅၀၀ ဖြင့်  ပါးစပ် နှာခေါင်းစည်း   သုံးခုပေး၍      အပြင်ထွက်တိုင်း တပ်ဆင်ရန်မမေ့စေရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး     အသိပညာပေးလုပ်ငန်း များကို  ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ အရှိန် အဟုန်မြှင့် ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

 


ပြည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉    ရောဂါ     ပိုး‌တွေ့လူနာ    စစ်ဆေးတွေ့ရှိနေပြီး ဖေဖော်ဝါရီ ၁၉ ရက်က ကိုဗစ်-၁၉ရောဂါ စစ်ဆေး သူ စုစုပေါင်း  ၂၇၁  ဦးအနက် ရောဂါပိုး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ ၁၈  ဦး တွေ့ရှိခဲ့ကြောင်းနှင့်  ၎င်းတို့ ကို ပြည်မြို့ခုတင် (၅၀၀)  ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီး၌ ဆေးဝါးကုသ မှုများ    ဆောင်ရွက်ပေးလျက်ရှိကြောင်း     မြို့နယ် ကိုဗစ်-၁၉    ရောဂါ    ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။                              


ကိုဆက်(ပြန်/ဆက်)