
ပြည် ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် တီတွတ်ကျေးရွာအနီး ပြည်-အောင်လံ ကားလမ်းမဘေး၌ ဇူလိုင်လ ပထမပတ် က စတင်တည်ဆောက်ခဲ့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ် ကို ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီ ဖြစ်၍ မကွေးတိုင်းဒေသကြီးဘက်မှ ပဲခူး တိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ယာဉ်အမျိုးမျိုးမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စစ်ဆေးမှုများကို ဩဂုတ် ၂၄ ရက်က စတင်ဆောင်ရွက်နေပြီဖြစ် သည်။
ယင်းဂိတ်၌ စစ်ဆေးရေးဆောင်ရွက် နေမှုများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြတ်ကိုနှင့် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းကြည့်ရှုပြီး စစ်ဆေးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လိုအပ် သည့်အချက်များကို တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ဒေသ အသီးသီးမှ ပြည်မြို့နယ်သို့ ဝင်ရောက် လာသူများအား သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ ခရီးသွားထောက်ခံ ချက် ပါ မပါ စစ်ဆေးပြီး ၎င်းတို့၏ နေရပ် လိပ်စာ၊ သွားရောက်လိုသည့် နေရာဒေသ နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို စာရင်းမှတ်ယူကာ ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ Test- Kit ဖြင့် စမ်းသပ်စစ်ဆေးပြီး ရောဂါပိုး တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ရန် ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ထိုသို့ စစ်ဆေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်