
ပြည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါ ကု ဆေးရုံကြီးဝင်းအတွင်း၌ ယခုနှစ် ဩဂုတ်လအတွင်း တည် ဆောက်ခဲ့သော အောက်ဆီဂျင် စက်ရုံ ရာနှုန်းပြည့်တည်ဆောက် ပြီး၍ စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ အောက်ဆီဂျင်များ စတင် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံသည် တန် ၂၀ ဆံ့ Liquid Oxygen စက်ရုံအမျိုး အစားဖြစ်ကာ ယင်းမှတစ်ဆင့် ပိုက်လိုင်းစနစ်ဖြင့် တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ကြီး ၂၄ လုံး ထုတ်လုပ်နိုင်ကြောင်း နှင့် တစ်ရက်လျှင်ပျမ်းမျှ နာရီ ၂၀ နှုန်းဖြင့်လည်ပတ်ပါက လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဓာတ်ငွေ့အလုံး ၅၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံထောက်ပံ့မှုဖြင့် ဩဂုတ် ၃၁ ရက်တွင် အဆိုပါစက်ရုံ၏ စက်ပစ္စည်းများ ရောက်ရှိလာပြီး ယခုလ စက်တင်ဘာ ၇ ရက်တွင် မြဝတီမြို့မှ Liquid Oxygen များ ရောက်ရှိကာ တပ်ဆင်ပြီးစီး ကြောင်းနှင့် အဆောက်အအုံအား ဒေသခံမြို့မိမြို့ဖများနှင့် စေတနာ ရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရပြီး လက်ရှိအခြေအနေတွင် အဆိုပါ စက်ရုံမှ ဆေးရုံကြီး၏ ကိုဗစ်-၁၉ ရောဂါ ကုသဆောင် လေးဆောင်သို့ ပိုက်လိုင်းစနစ် ဖြင့် အောက်ဆီဂျင် တိုက်ရိုက် ဖြန့်ဝေကုသပေးနိုင်ရန် ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်း လုပ်ငန်းပြီးစီးပါက ၎င်းအဆောင် များတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၂၀ ခန့်အား အောက်ဆီဂျင် တိုက်ရိုက် ကုသဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်းနှင့် ခရိုင် အတွင်း မြို့နယ်/တိုက်နယ်ဆေးရုံ များနှင့် ပုဂ္ဂလိကဆေးရုံများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို လည်း ဖြန့်ဝေဖြည့်ဆည်းပေးနိုင် တော့မည်ဖြစ်ကြောင်း ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။ ကိုဆက်