
ပြည် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပေးအပ်သော Mobile Swab Van အား ပြည်ခရိုင် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း အောင်က Mobile Swab Van အား ပြည်ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာစည်သူအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ Mobile Swab Van ကို ကျန်းမာရေးဝန်ထမ်းများအား မြို့တွင်း၌သာမက ကျေးရွာများ အထိ သွားရောက်၍ ကိုဗစ်-၁၉ သံသယလူနာများအား ကွင်းဆင်း စစ်ဆေးနိုင်ရန် ရည်ရွယ်ပေးအပ် ခြင်းဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြား သည်။
ထို့အပြင် အခမ်းအနားတွင် ပြည်မြို့ ခေတ္တရာလူငယ်များ သာရေး၊ နာရေး ကူညီမှုအသင်း အတွက် PPE ဝတ်စုံများ အပါ အဝင် ကိုဗစ်-၁၉ ကျန်းမာရေးသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)