
ရပ်စောက် မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ တောင်ငူဆောင်၌ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်အရ Grade-9 အတန်းပညာတတ်မြောက်အောင် ဆောင်ရွက်နိုင်ရန် မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ပညာတတ်မှ မျိုးနွယ်စုများ တိုးတက်မည်ဖြစ်သောကြောင့် ကလေး များ ပညာတတ်ရန်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း အပ်နှံပေးရန် လိုအပ်ပါကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်း သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာစိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင် မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိ လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူ များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းပူးပေါင်း ကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခု ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး တာဝန်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မျိုးမျိုးသန့်နှင့် တာဝန်ရှိသူ များက စာသင်ကျောင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကျေးရွာလိုအပ်ချက် များကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ငွေကျပ် ငါးသိန်းနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ငွေကျပ်ငါးသိန်းတို့ကို ကျောင်းအုပ် ဆရာမကြီး ဒေါ်မျိုးမျိုးသန့်နှင့် တာဝန်ရှိသူများထံ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ကလောခရိုင် ညောင်ရွှေမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပုလဲ ခန်းမတွင် ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူ များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက ပညာရေးမြင့်မားရေးအတွက် Grade- 9 သင်တန်းများ ဆင့်ပွားသင်ကြားပေးနေမှုနှင့် နိုင်ငံတော်မှ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရပ်ကွက်ကျေးရွာတွင် ကျောင်းအပ်နှံရန်ကျန်ရှိပါက တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲများရှိပါက ပြည်နယ်အစိုးရအဖွဲ့ သို့ တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ညောင်ရွှေမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှထွန်းနှင့် တာဝန်ရှိသူများက ကျောင်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ညောင်ရွှေမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေ ကျပ် ငါးသိန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ထောက်ပံ့ ငွေကျပ် ငါးသိန်းတို့ကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြား၍ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ် ရွှေရန်ပြေ အခြေခံ ပညာအလယ်တန်းကျောင်း ပုလဲခန်းမ၌ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖ များ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားကြပြီး ရွှေရန်ပြေ အခြေခံမူလတန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်